ယုံကြည်မှုအပြည့်အ၀ရရှိထားသောအမှတ်တံဆိပ်တစ်ခုနှင့် တည်ရှိရာနေရာကြီးနှစ်ခု
Mount Elizabeth ဆေးရုံကြီးသည် အာရှပစိဖိတ်ဒေသ၏ ဦးဆောင်ဦးရွက်ဆေးရုံကြီးအနေဖြင့် သူမတူအောင် ထူးခြားသောဆေးကုမှုပိုင်းဆိုင်ရာအရည်အသွေးများနှင့် ခေတ်မီဆန်းပြားသောနည်းပညာများ ပေါင်းစပ်ကာ နှစ်ပေါင်း ၃၀ ကျော်ကြာအောင် လူနာများ၏ယုံကြည်ကိုးစားမှုကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့ပါသည်။
ကျွမ်းကျင်သောကိုယ်ပိုင်အထူးကုဆရာဝန်ကြီးများခန့်ထားနိုင်ပြီး အရည်အသွေးမြင့်မားသော အထူးကု ဆရာဝန်ကြီးများနှင့် ပူးပေါင်းကုသမှုများကြောင့် အရည်အသွေးပိုင်းဆိုင်ရာအသိအမှတ်ပြုလက်မှတ်ဖြစ်သော နိုင်ငံတကာအသိအမှတ်ပြု JCI လက်မှတ်ကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါသည်။
လူနာများအား ပိုမိုကျယ်ပြန့်သောဝန်ဆောင်မှုများ ပြုလုပ်ပေးလိုသည့်အတွက် စင်္ကာပူနိုင်ငံ Orchard မြို့တွင် တစ်ရုံတည်းရှိသော Mount Elizabeth Orchard ဆေးရုံအဖြစ်မှ စင်္ကာပူနိုင်ငံ Novena မြို့တွင်ပါ Mount Elizabeth Novena ဆေးရုံတစ်ရုံကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ဆေးရုံနှစ်ရုံလုံးသည် စင်္ကာပူနိုင်ငံ၏ ဗဟိုအချက်အချာနေရာများတွင် တည်ရှိပါသည်။ Mount Elizabeth ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများသည် ဆေးရုံနှစ်ရုံလုံးသို့ သွားရောက်ကြည့်ရှုကုသပေးလျက်ရှိသောကြောင့် လူနာများ အနေဖြင့် Mount Elizabeth ဆေးရုံ၏ကျွမ်းကျင်သောဝန်ဆောင်မှုများကို ကမ္ဘာ့အဆင့်မီဆေးရုံနှစ်ရုံလုံးမှ လက်ခံရရှိနိုင်ပြီဖြစ်ပါသည်။
မည်သည့်ကျန်းမာရေး အရေးကိစ္စကိုမဆို အတတ်နိုင်ဆုံး၊ အကောင်းဆုံးသော ဘ၀အရည်အသွေး ပြန်လည်ရရှိလာစေရန်အတွက် Mount Elizabeth အထူးကုဆရာဝန်များနှင့်သူနာပြုများမှ စောင့်ရှောက်ကုသပေးလျက် ရှိပါသည်။
Mount Elizabeth ဆေးရုံ
အာရှပစိဖိတ်ဒေသအတွင်းရှိ ခေတ်မီမြူးတူးတက်ကြွမှုအရှိဆုံးမြို့ကြီးများထဲတွင် Orchard မြို့သည် တစ်မြို့အပါအ၀င် ဖြစ်ပါသည်။ Mount Elizabeth Orchard ဆေးရုံကြီးသည် Orchard မြို့လည်ခေါင်တွင် တည်ရှိပြီး နှလုံးအထူးကုဆရာဝန်ကြီးများ၊ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးများ မြောက်မြားစွာကို တစ်စုတစ်စည်းတည်း စုစည်းထားနိုင်သည့် ဆေးရုံတစ်ခုဖြစ်ပါသည်။ အထူးကုဆရာဝန်ကြီးများ၊ ၀န်ထမ်းများ၏ ဦးဆောင်လွှမ်းမိုးမှုတို့ဖြင့် ဆေးကုသစောင့်ရှောက်မှုအမျိုးမျိုးကို ခံယူရရှိနိုင်ပါသည်။ ခုတင် ၃၄၅ ခုတင်ဆံ့ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု JCI နှင့် Singapore Quality Class ဂုဏ်ပြုလက်မှတ်များကို ရယူပိုင်ဆိုင်ထားနိုင်ပါသည်။
Mount Elizabeth ဆေးရုံ
Mount Elizabeth Novena ဆေးရုံသည် Mount Elizabeth အမွေအနှစ်တွင် နောက်ဆုံးထည့်သွင်းထားသော ဆေးရုံတစ်ခုဖြစ်ပါသည်။ အထူးကုကျန်းမာရေးစောင့်ရှောက်မှုတွင် ခေတ်သစ်တစ်ခေတ်ဖြစ်စေခဲ့သော Mount Elizabeth Novena ဆေးရုံကြီးသည် အထူးကုဆရာဝန်ကြီးပေါင်း ၂၅၀ ကျော်ဖြင့် ကုသစောင့်ရှောက် ပေးလျက်ရှိပြီး လူနာခန်းများအားလုံးမှာ တစ်ယောက်ခန်းများဖြစ်ကာ ခရိုင်ဆေးရုံအဆင့် ကျန်းမာရေး စောင့်ရှောက်မှုများကို သက်သောင့်သက်သာစွာဖြင့် ကုသစောင့်ရှောက်မှု ခံယူနိုင်စေရန်အတွက် ၀န်ဆောင်ပြုလုပ်ပေးလျက် ရှိပါသည်။
Mount Elizabeth Novena ဆေးရုံနှင့် အထူးကုကျန်းမာရေးစောင့်ရှောက်မှုဌာနသည် လူတိုင်းလက်လှမ်း မှီသော အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်သည့်အပြင် လှပဆန်းသစ်သော အတွင်းပိုင်းအပြင်အဆင်များကြောင့် လူနာနှင့်ဧည့်သည်များအား ဆန်းပြားသည့် ဆေးရုံအတွေ့အကြုံကို ခံစားရရှိစေမည်ဖြစ်သည်။ ကမ္ဘာ့အဆင့်မီကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေခြင်းကြောင့် စင်္ကာပူနိုင်ငံ၏ ဂုဏ်သတင်းကျော်ကြားမှုကို အထောက်အကူဖြစ်စေပြီး နိုင်ငံတကာအသိအမှတ်ပြု JCI လက်မှတ်ရရှိထားသော ဆေးရုံတစ်ခုလည်းဖြစ်ပါသည်။