ရောဂါသက်သာလာစေရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရလေ့ရှိပါသည်။ အချို့ဝေဒနာရှင်များသည် ခွဲစိတ်ကုသမှုခံယူရန်မလိုအပ်သော်လည်း အချို့ဝေဒနာရှင်များမှာမူ ခွဲစိတ်ကုသမှုများကို မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ နှလုံးကျန်းမာရေးကောင်းမွန်စေရန်အတွက် ဆေးဝါးများအပြင် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်းကလည်း အထောက်အကူဖြစ်စေနိုင်သည်ကို တွေ့ရပါသည်။
အရက်သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဆီများသောအစားအစာများ စားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မပြုလုပ်ခြင်းနှင့် အ၀လွန်ခြင်းများသည် နှလုံးရောဂါဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းများ ဖြစ်ပါ သည်။ Mount Elizabeth ဆေးရုံကြီးတွင် လူနာများ၏ နေထိုင်စားသောက်မှုအလေ့အကျင့်များ ပြောင်းလဲတိုးတက် လာစေရန်နှင့် ယေဘုယျကျန်းမာရေး အခြေအနေအရပ်ရပ်ကို တိုးတက်ကောင်းမွန်လာစေရန်အတွက် အထောက်အကူပြု လေ့ကျင့်ပေးလျက်ရှိပါသည်။
ခွဲစိတ်ကုသမှုခံယူပြီးသူများအား နှစ်သိမ့်ဆွေးနွေးပညာပေးမှုများ ပြုလုပ်ရာတွင်လည်း အမူအကျင့်ပိုင်းဆိုင်ရာ ပညာပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာပညာပေးခြင်းများကို တွဲဖက်ပြုလုပ်ပေးလျက်ရှိသောကြောင့် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်ခြင်းများကိုပါ ရရှိစေနိုင်ပါသည်။ ဘ၀အရည်အသွေး တိုးတက် ကောင်းမွန်လာစေပြီး အနာဂတ်မှာ ရောဂါပြန်လည်ဖြစ်ပေါ်နိုင်မည့်အခွင့်အရေးများကို လျော့နည်းကျဆင်း သွားစေ နိုင်ပါသည်။
Mount Elizabeth ဆေးရုံကြီးအနေဖြင့် လူနာများကို ပြုစုစောင့်ရှောက်ရာတွင် အောက်ပါအဆင့် (၄)ဆင့်လုံး ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်။
- (၁) အတွင်းလူနာအဆင့်
- (၂) ပြင်ပလူနာအဆင့်
- (၃) ပြင်ပလူနာများကို ယာယီစောင့်ရှောက်ကုသပေးခြင်းအဆင့်
- (၄) လူထုကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်မှတဆင့် ဘ၀တစ်သက်တာလုံး စောင့်ရှောက်မှုပေးခြင်းအဆင့်