ကျွန်ုပ်တို့၏ Mount Elizabeth ဆေးရုံကြီးတွင် ကြိုတင် ကာကွယ်ခြင်းသာ အထိရောက်ဆုံးဖြစ်သည်ဟု စွဲမြဲစွာလက်ခံယုံကြည် ထားကြပါသည်။ မိမိ၏နေထိုင်မှုပုံစံနှင့် မိသားစု ကျန်းမာရေး ရာဇ၀င်တို့အလိုက် ဖြစ်ပေါ်လာနိုင်သော ရောဂါများကို ကြိုတင်သိရှိကာကွယ်ခြင်းဖြင့် သင့်အတွက် အကောင်းဆုံး ကျန်းမာရေးကို ပိုင်ဆိုင်နိုင်ပြီး ယခင်က မသိရှိသေးသော ရောဂါများကို စောစီးစွာ သိရှိကုသနိုင်မှာဖြစ်ပါသည်။
ရောဂါစတင်ဖြစ်ပေါ်သည့်အချိန်တွင် အများစုမှာ မည်သည့် ရောဂါလက္ခဏာမှ မပြတတ်ကြပါဘူး ။ ထို့ကြောင့် သင့်ကျန်းမာရေး အခြေအနေ တစ်ခုချင်းစီအလိုက် လိုအပ်သော ကြိုတင်ကျန်းမာရေး
စစ်ဆေးမှုများကိုပြုလုပ်နိုင်ရန်ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေး စစ်ဆေးမှုပုံစံအမျိုးမျိုးကို စီစဉ်ထားရှိပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံပြည့်ဝသော ကျန်းမာရေးပညာရှင်အဖွဲ့သည် သင်နှင့် အသင့်တော်ဆုံး ကျန်းမာရေးစစ်ဆေး
မှုပုံစံကို အကြံပြု ဆွေးနွေးပေးနိုင်ပါသည်။
ကျွန်ုပ်တို့၏ အရည်အချင်းပြည့်ဝ၍ အတွေ့အကြုံ ရင့်ကျက်သော ပြီးပြည့်စုံသည့် ပညာရှင်အဖွဲ့သည် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန်၊ လက်ရှိကျန်းမာရေး အခြေအနေကို သင်ကိုယ်တိုင် သေချာနားလည် သဘောပေါက်ရန်၊ သင့်အတွက် လိုအပ်သော နေထိုင်မှုပုံစံကို အကြံပြုဆွေးနွေး ပေးနိုင်ရန်အတွက် သေချာဂရုစိုက် စစ်ဆေးပေးမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကျန်းမာရေးစစ်ဆေးမှုပုံစံများသည် တစ်ဦးတစ်ယောက်ချင်းစီသာမက အဖွဲ့အစည်းအသီးသီးရှိ လုပ်ငန်းခွင်ဝန်ထမ်းများအတွက်ပါ အထူးသင့်လျော်ပါသည်။
စုံစမ်းရန်
ကြိုတင်ရက်ချိန်းယူရန်