သင်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်သည် Parkway Group Healthcare အတွက် အရေးကြီးပါသည်။ ဤ website မှတဆင့် ပေးပို့ထားသော သင်၏ကိုယ်ပိုင်အချက်အလက်များကို လျှို့ဝှက်ပေးထားရန် ၀န်ခံကတိပြုပါသည်။ ဤမူဝါဒသည် website ကို ၀င်ရောက်ကြည့်ရှုသူတိုင်း သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြု သူတိုင်းအတွက် အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။
သင့်အား အကောင်းဆုံးဝန်ဆောင်မှုပေးရန် အတွက်သာ ရည်ရွယ်ပြီး သင်၏ကိုယ်ရေးအချက်အလက်များကို တောင်းခံပါသည်။ သင်၏ ကိုယ်ရေး အချက်အလက်များကို ခွင့်ပြုထားသောဝန်ထမ်းများသာ ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
mountelizabeth.com.sg ကို ၀င်ရောက်ကြည့်ရှုသောအခါ အောက်ပါအချက်အလက်များကို အလိုအလျောက် လမ်းကြောင်းရှာဖွေ စုဆောင်းသွားမည်ဖြစ်သည်။
(1) IP addresses;
(2) domain servers;
(3) mountelizabeth.com.sg ကိုကြည့်နေသော ကွန်ပြူတာအမျိုးအစား
(4) mountelizabeth.com.sg ကို ကြည့်နေသော browser အမျိုးအစား
(5) mountelizabeth.com.sg ထံသို့ ရောက်ရှိလာစေသော ပင်မစာမျက်နှာ
(6) သင်၏ browser နှင့် mountelizabeth.com.sg တို့ အပြန်အလှန်ပေးပို့နေသော အခြားအချက်အလက်များ
website အများစုနည်းတူ ဤ website တွင်လည်း သင်နှစ်သက်သည့်အကြောင်းအရာများကို မှတ်သားထား နိုင်စေရန်အတွက် အချို့နေရာများတွင် cookies များ ထည့်သွင်းထားရလေ့ရှိတတ်ပါသည်။ cookies များကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်အတွက် သင်၏ web browser တွင် ကြိုတင်ရွေးချယ်ထားနိုင်သည်။
ဤ ကိုယ်ပိုင်လွတ်လပ်ခွင့်မူဝါဒကို အချိန်နှင့်အမျှ ပြောင်းလဲပြင်ဆင်ခြင်းနှင့် ပြင်ဆင်ချက်ထည့်သွင်းခြင်း တို့အား ပြုလုပ်ခွင့်ရှိသည်။
အရေးကြီးသောအချက် : ဤ website နှင့် ဤ website ၏ မည်သည့်စာမျက်နှာကိုမဆို ၀င်ရောက်ကြည့်ရှု ခြင်းအားဖြင့် အထက်ပါ စည်းမျဉ်းသတ်မှတ်ချက်များကို သဘောတူပြီးဖြစ်သည်။